Pretty Smart health

PSH Nutrition ဗီတာမင် ဘီအရည် Vitamin B Complex

  • အရွယ်ရလာတဲ့အမျိုးသမီးတိုင်း ဗီတာမင် ဒီ နေ့စဉ်သောက်သင့်ပါတယ်။ *
  • အစာအိမ်မကောင်းသောသူများ ၊ လူကြီးများအတွက် ဆေးအရည်ဖြစ်သောကြောင့်အထူးသင့်လျောပြီး ပိုမိုထိရောက်သည်။ *
  • ဘီတာမင်ဘီ-၁၂ ဓါတ် နည်းနေရင် စိတ်ဓါတ်ကျခြင်း၊ မှတ်ဥာဏ်နည်းခြင်း၊ စိတ်ပိုင်းအားနည်းခြင်းတွေ ဖြစ်လာနိုင်တယ်။ အဲလိုဖြစ်နေသူတွေကို ဘီတာမင်ဘီ-၁၂ အရည်တိုက်ခြင်းဖြင့်ပြန်ကောင်းသွားကျတယ်။ *
  • ဥရောပပညာရှင်တွေအဆိုအရလည်း ဘီတာမင်ဘီ-၁၂ ဟာ အဇာမိုင်ယားရောဂါကြောင့် ဦးနှောက်အားနည်းတာကို သက်သာစေတယ်။ *
  • B12 ဓါတ် သည် အဓိအားဖြင့် တိရစ္ဆာန် အသဲများမှရရှိကျသည်။ ထို့ကြောင့် သက်သက်လွတ်စားသုံးသူအတွက် PSH B-12 အရည်သောက်သုံးရန် အထူးလိုအပ်ပါသည်။ *

FREE Shipping

  • Free Shipping on orders over $70 to for UK , Australia, Canada address.
  • Free Shipping on orders over $35 to for USA address.

Choose Where to Buy

PSH Nutrition Vitamin B Complex (B12)

ဗီတာမင်(ဘီ)အုပ်စုဟာ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားဖြစ်တာကြောင့် ခန္ဓာကိုယ်မှာ သိုလှောင်ထားနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် ဗီတာမင်(ဘီ)အုပ်စုပါဝင်တဲ့အစားအစာတွေကို နေ့စဉ်လုံလုံလောက်လောက်စားသုံးပေးဖို့လိုအပ်ပါတယ်။ ဗီတာမင်(ဘီ)အုပ်စုဟာ ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာအများစုအတွက်အရေးပါပြီး ကျန်းမာရေးကောင်းကျိုးများစွာလည်းရရှိစေပါတယ်။

မင်္ဂလာပါခင်ဗျ
PSH မှကြိုဆိုပါတယ် ဒီတစ်ခါမှာတော့ PSH မှ အသစ်ထုတ်လုပ်ထားတယ့် Vitamin B (ဗီတာမင် ဘီ) ဆေးအရည်လေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဗီတာမင် ဘီ ကို ပုံမှန်တွေ့နေကြ ဆေးလုံး ပုံစံနှင့် မတူပဲ အရည်ပုံစံနဲ့ ပြောင်းလည်းထုတ်လုပ်ထားပါတယ်။ ဗီတာမင် ဘီ အရည်ကိုပြောင်းလဲသုံးခြင်းအားဖြင့် အစာခြေဖျက်မူအားနည်းသော လူကြီးသူမများ၊ အစာအိမ်ရောဂါရှိသူများ၊ခရီးသွားနေရသည့်မိတ်ဆွေများ အတွက်အလွယ်တကူအဆင်ပြေစေပါသည်။

Vitamin B complex က တခြား ဘာတွေအတွက် ကောင်းသေးလဲ?

၁။ စိတ်ဖိစီးမှုပြေလျော့စေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ အပြင် မှတ်ဉာဏ်ပါတိုးလာစေတယ်။

၂။ စိုးရိမ်စိတ် ပူပန်စိတ်ကို လျှော့ချပေးနိုင်ပြီး စိတ်ကျရောဂါကိုလည်း သက်သာစေတယ်။ ဒါကြောင့်မို့ ဆရာဝန်တွေက vitamin B complex အားဆေးကို စိတ်ကျရောဂါကုသရေးဆေးတွေနဲ့ တွဲပေးလေ့ရှိတယ် ( စိတ်ဓာတ်ကျလာရင် ခန္ဓာကိုယ်က ဗီတာမင် ဘီ စုပ်ယူသုံးစွဲမှုကျဆင်းလာတာကြောင့် တွဲပေးတာလည်း ပါပါတယ်။)

Vitamin B (ဗီတာမင် ဘီ) ကိုဘယ်လိုလူတွေ သုံးစွဲသင့်ပါသလဲ။

ဒါပေမဲ့ တချို့သော အခြေအနေတွေမှာ ခန္ဓာကိုယ်က ဗီတာမင် ဘီ အုပ်စုကို သာမန်ထက် ပိုလိုအပ်နေတတ်ပါတယ်။ ဘယ်အခြေအနေတွေလဲ ကြည့်လိုက်ရအောင်။

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ

သူတို့က သန္ဓေသားဖွံဖြိုးမှုနဲ့ မွေးကင်းစကလေးငယ်ရဲ့ ကြီးထွားမှုအတွက် B12 နဲ့ folate ကို သူများထက်ပိုလိုပါတယ်။ သက်သက်လွတ်လည်းစားတဲ့မိခင်တွေဆိုရင်တော့ Vitamin B complex ( ဗီတာမင် ဘီ အုပ်စုအပေါင်း အမျိုးအစား ) အားဆေးကို မဖြစ်မနေသောက်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဝန်ဆောင်စဥ် နဲ့ နို့တိုက်စဥ် ကာလမှာ B12 နဲ့ folate ချို့တဲ့ရင် ကလေးမှာ ဦးနှောက်မကောင်းတာမျိုး ၊ မွေးရာပါ ချို့ယွင်းမှုတွေ ပါလာတာမျိုး ဖြစ်တတ်လို့ပါ။

အစားအသောက်နည်းပြီး ချေးများတတ်သူတွေ

သည်လိုလူတွေ ဘာလို့ Vitamin B complex ( ဗီတာမင် ဘီ အုပ်စုအပေါင်း အမျိုးအစား ) အားဆေးကိုသောက်သင့်လဲ ဆိုတာတော့ အထူးအထွေ ရှင်းပြနေစရာ လိုမယ်မထင်ပါဘူးနော်။

သက်ကြီးရွယ်အိုတွေ

အသက်အရွယ် ကြီးရင့်လာတာနဲ့ အမျှ အစာအိမ်ရဲ့ဗီတာမင်စုပ်ယူနိုင်စွမ်းက ကျကျလာပါတယ်။ ဒါ့အပြင် B12 စုပ်ယူနိုင်စွမ်းက စိတ်နဲ့လည်း တစ်နည်းပတ်သက်နေတာမို့ စိတ်ကျရောဂါ ဖြစ်နေတတ်တဲ့ သက်ကြီးရွယ်အိုတွေ မှာ စုပ်ယူနိုင်မှု ပိုနည်းသွားပါတယ်။

ရောဂါရှိသူတွေ

ဘယ်လိုရောဂါရှိတဲ့သူတွေလဲ ဆိုတော့

(၁) အစာ‌ချေအက်စစ်ရည် လုံလောက်စွာမထုတ်နိုင်တဲ့သူတွေ ( B complex ကို ချေဖျက်စုပ်ယူနိုင်ဖို့က အစာအိမ်ထဲမှာ လုံလောက်တဲ့ အစာခြေရည်ပမာဏရှိနေဖို့ လိုကိုလိုပါတယ်။)

(၂) ကင်ဆာရောဂါသည်တွေ

(၃) အစာအိမ်နဲ့အူလမ်းကြောင်း နာတာရှည် ရောဂါသည်တွေ ( ဥပမာ – Crohn’s disease, celiac disease)

(၄) နှစ်ရှည် အရက်စွဲနေသူတွေ

(၅) သိုင်းရွိုက်ဟော်မုန်း ချို့တဲ့နေသူတွေ

(၆) စားချင်သောက်ချင်စိတ် အလိုလိုကုန်ခမ်းနေတဲ့ anorexia ရောဂါသည်တွေ

(၇) အကြီးစားခွဲစိတ်မှု ခံယူထားသူတွေ

(၈)ရောဂါ တစ်မျိုးမျိုးကြောင့် ကိုယ်အလေးချိန်ထိုးကျသွားသူတွေ

(၉)မျိုးရိုးဗီဇဆိုင်ရာ MTHFR genetic mutation ဖြစ်နေသူတွေ (သည်လိုလူတွေက folate ချို့တဲ့တတ်တာမို့ အပြင်က ဖြည့်သောက်ပေးရပါတယ်။ )

သတ်သတ်လွတ်သမားတွေ ဘာလို့ ဗီတာမင် အားဆေးသောက်သင့်တယ်ဆိုတာတော့ အပေါ်မှာ ရှင်းပြခဲ့ပြီးပါပြီ

ဆေးသောက်နေရသူတွေ

အစာအိမ်ဆေး၊ ဆီးချိုဆေးနဲ့ သားဆက်ခြားဆေးသောက်နေတဲ့ သူတွေဟာလည်း Vitamin B complex အားဆေးကို ဖြည့်သောက်ပေးသင့်ပါတယ်။

ဗီတာမင် ဘီချို့တဲ့လာပြီဆိုရင် မိမိကိုယ်ကိုယ်ဘယ်လိုမျိုးဆန်းစစ်နိုင်ပါသလဲ။
အသက်အရွယ်ကြီးလာသည့်အခါ ဦးနှောက် ခဏခဏမေ့တတ်သောလူကြီးများနှင့် အချိန်ပြည့် ဦးနှောက်အသုံးပြုနေရသောကျောင်းသားကျောင်းသူများ၊ အလုပ်လုပ်နေသူများ အတွက် ဗီတာမင် ဘီ ကို အသုံးပြုသင့်ပါတယ်။ သွေးနီဥအလုံအလောက် မထုတ်လုပ်နိုင်ခြင်းကြောင့် ဖြစ်တတ်သောသွေးအားနည်းပြီးအသားအရေဖြူဖတ်ဖြူရော်ဖြစ်တာ၊ ရှိပြီးသားသွေးနီဥတွေကလည်း ကြာကြာအသက်မရှင်နိုင်ပဲ အချိန်တိုအတွင်းသေဆုံးပြီး အသားဝါတတ်လာခြင်းကြောင့်လည်း ဗီတာမင် ဘီ ကို သုံးဆွဲပေးသင့်ပါတယ်။

ဆေးပညာအရလည်း ဗီတာမင် ဘီ ချို့တဲ့ခြင်းကြောင့် ဖြစ်တတ်သည့် စိတ်မတည်ငြိမ်ခြင်း၊ စိတ်ပူပန်ခြင်း နှင့် စိတ်ဓါတ်ကျတာတွေ ဖြစ်တတ်ခြင်းကြောင့် ဗီတာမင်ဘီ ပြည့်နေဖို့လိုအပ်ပါသည်။
ခြေထောက်နှင့် လက်တွေမှာ တဆစ်ဆစ်ကိုက်ခဲနေခြင်းနှင့်ကြွက်သားတွေအားနည်းလာခြင်းကလည်း ဗီတာမင်ဘီ အားနည်းလာခြင်း လက္ခဏာတွေဖြစ်တတ် ပါတယ်။ နောက်ဆုံးတစ်ခုအနေနှင့် လျှာနာနေတာ၊

လျှာအရောင်ပြောင်းတာ၊ အရသာကောင်းကောင်းခံမရရင်တော့ ဗီတာမင်ဘီ ချို့တဲ့ နေပြီဆိုတာသတိထားသင့်ပါတယ်။ ဗီတာမင် ဘီကို ဆားဒင်းငါး၊ ကြက်ဥ၊ ကလီစာ၊ ပဲနို့ နှင့် ဗီတာမင် ဘီ ပါဝင်သည့် အားဆေးတွေမှတဆင့် ရနိုင်ပါတယ်။

ဒါ့ကြောင့် PSH ကနေပြောင်းလဲထုတ်လုပ်ထားတယ့် Vitamin complex ( B2 ,B3 B5, B6, B12) အရည်မှာ အဓိက လိုအပ်သည့်ဓါတ်တွေ ပါဝင်အသုံးပြု ထုတ်လုပ်ထားခြင်းကြောင့် ယုံကြည်စွာ ဝယ်ယူသုံးစွဲနိုင်ပါသည်။
အထက်ပါပြောပြသွားတယ့် အချက်တွေထဲကတခုခုနှင့် ကြုံနေပြီဆိုရင် Vitamin B ချို့တဲ့နေပြီဆိုတာကိုသတိထားသင့်ပါသည်။

Share This Story, Choose Your Platform!

About PSH Nutrition

At PSH Nutrition, our unwavering commitment to quality defines who we are. We strive for excellence in every aspect of our business, from our products to our practices, and we continually push ourselves to deliver the very best.

At PSH Nutrition, we are more than just a supplement company – we are a community of individuals passionate about embracing a well-rounded, balanced lifestyle. As we continue to grow, we remain steadfast in our pursuit of excellence, dedicated to making healthy eating both easy and affordable for all. Our journey has just begun, and we are excited to help you become the best version of yourself with PSH Nutrition by your side

Our manufacturing and distribution facility is certified by NSF and registered with the FDA as a cGMP-compliant facility. Our team of over 30 dedicated full-time employees takes pride in delivering exceptional customer service and producing top-quality products for our customers. The well-being of our community is of utmost importance; PSH Nutrition is committed to adhering to all health codes and government regulations. Before distribution, each supplement undergoes testing by a third-party laboratory to ensure product safety for consumption. We collaborate with reliable and thoroughly vetted US-based independent labs for all testing requirements.

At PSH Nutrition, we recognize that it can be challenging to have confidence in a product that makes seemingly unrealistic claims. For this reason, we are pleased to provide our US customers with a 90-day money-back guarantee. We are committed to ensuring customer satisfaction and plan to extend this guarantee to our international customers in the near future.